Fork Repository to your account and git pull to your pc.
copy and paste following code in Terminal to get this repository.
git clone https://github.com/fossmyanmar/fossmyanmar.github.io.git
Member အသစ်တယောက်ထည့်ဖို့ အတွက် _data ထဲက member ဖိုဒါထဲမှာ text ဖိုင်အသစ်တစ်ခုထပ်ထပ်ပြီး အောက်ပါပုံစံအတိုင်း ရေးပြီးတော့ member နာမည်နှင့် ( kokoye.yml) အမည်ပေးရင် ရှေ့မှာ ပေါ်ပါပြီ။ ( အကောင်းဆုံးကတော့ တစ်ဖိုင်ကူးပိး နာမည်ပြောင်းထည့်လဲရပါတယ် )
teams : FOSS Myanmar, Ubuntu Myanmar Loco Team
name : Ko Ko Ye`
email : kokoye2007@gmail.com
photo : ko-ko-ye.png
facebook : https://facebook.com/kokoye2007
twitter : https://twitter.com/kokoye2007
github : https://github.com/kokoye2007
linkedin : https://linkedin.com/in/kokoye2007
os : Ubuntu (၁)ဓါတ်ပုံဆိုဒ်မှာ 600X600 pixel ( .png) ဖြစ်ရပါမယ်။
(၂) ဓါတ်ပုံ၏ နာမည်ကို _data/member/{name.yml} ထဲမှာ ထည့်ထားတဲ့ imgName နဲ့ တူတူပေးပြီးတော့ ဓါတ်ပုံကို images/members ထဲထည့်ရပါမယ်။
Event အသစ်တစ်ခုထည့်ဖို့က အောက်က ပုံစံအတိုင်းကို _data ထဲက event ဖိုဒါထဲက သက်ဆိုင်ရာ(events_ubuntu.json သို့မဟုတ် events_fedora.json) ထဲမှာထည့်ပေးရင် ရှေ့မှာ ပေါ်ပါလိမ့်မယ်။
{
"name" : "Ubuntu For Myanmar",
"description" : "For Share ubuntu knowledge",
"link": "http://ubuntu-mm.net",
"date" : "2 FEB 2013 to 3 FEB 2013",
"contact": "kokoye2007@gmail.com",
"address" : "CCT Office",
"eventPhoto": "1907.jpg",
},Event ဓါတ်ပုံထည့်ဖို့ အတွက်က images/events ထဲက (fedora/uformm) ထဲမှာ အပေါ်မှာ ဖြည့်ထားတဲ့ eventPhoto နဲ့ အတူတူ နာမည်ပေးပြီး သိမ်းရပါမယ်။
Team အသစ်တစ်ခု ပြုလုပ်ဖို့အတွက် '_data/team' ထဲက 'teams.json' ထဲမှာ အောက်က ပုံစံအတိုင်း ကူးထည့်ပြီး စားပဲပြောင်းပြီး သိမ်းလိုက်ရင် ဆင်ပြေပါပြီ။ ( အဲဒီမှာ ထည့်ထားတဲ့ id က member မှာ ထည့်ထားနဲ့ 'team : {#1}' ဆိုပြီးနဲ့ ပြန်သုံးပါတယ် )
{
"id" : 1,
"name" : "Ubuntu Myanmar Loco Team",
"address" : "",
"leader" : "KOKOYE",
"contact " : "09450022022"
},
ဒီမှာ post တင်ဖို့က _posts ထဲမှာ ဖိုင်လေးတွေ ဆောက်ပြီး သွားထည့်ပေးရမှာပါ။
အဲဒီအတွက် ပထမဆုံး _posts ထဲမှာ အောက်က နာမည် နမူနာအတိုင်း အသစ်တစ်ခုလုပ်လိုက်ပါ။
(LRC-Linux-Resource-Center-Resource-to-Door) အတိုင်း - ကို space အစား ထိုးသုံးရမှာပါ။
2015-04-20-LRC-Linux-Resource-Center-Resource-to-Door.md
ပြီရင်တော့ အောက်က ပုံစံအတိုင်း အသစ်ဆောက်ထားတဲ့ဖိုင်ထဲကို ကူးထည့်ပြီး လိုအပ်တာတွေကို ရေးလိုက်ရင် ရပါပြီ ။ post ရေးရာမှာ markdown format နဲ့ရေးရမှာဖြစ်ပါတယ်။
---
layout: post
title: "LRC – Linux Resource Center Resource to Door!"
date: 2015-04-20 14:35:13
categories: LRC
---
**LRC** ဆိုတာကို ဘယ်သူတွေ မှတ်မိလဲ။
စကားမစပ် LRC – Local Resources Centre (Myanmar) လဲ LRC လို့ခေါ်တယ်။ အဲတာကို ပြောတာမဟုတ်ပါဘူး။
အရင်တုန်းက ကျွန်တော်တို့ Linux Resource Center ဆိုပြီး လုပ်ခဲ့ကြတာပါ။
မိမိနှစ်သက်ရာ OS ကို National CD မှာတောင် ဝယ်မရတဲ့ အခြေအနေမှာ မျှဝေဖို့ ကြိုးစားခဲ့ကြတာပေါ့။
အခုခေတ်မှာတော့ Ubuntu ခွေ Fedora ခွေ CentOS ခွေ RedHat ခွေတွေကို လွယ်လွယ်ကူကူ ဝယ်လို့ရနေပါပြီ။ ဒါပေမယ့် Update မဖြစ်တာ Architect မစုံတာ သူတို့ မသိပါဘူး။ version အစုံလည်း မရှိပါဘူး။ Video Tutorial တွေ Guide ရေးပေးတဲ့ Website တွေ Wiki တွေဆိုတာလည်း အင်တာနက်ရမှ အသုံးပြုနိုင်တာပါ။ ဒီအတွက် LRC ရှိမယ်ဆိုရင် ဒါတွေကို Internet Traffic မရှိပဲ သုံးနိုင်ပါလိမ့်မယ်။
အဲအတွက်
LRC လေးတွေ ပြန်လုပ်ရင် ကောင်းမလား
LRC တွေလုပ်မယ်ဆိုရင်
- ၁) Storage အတွက် External HDD တော့ အနည်းဆုံး ကုန်ကျပါမယ်။ Internet ဆိုင်လို ကော်ဖီဆိုင်လိုနေရာတွေက ဝိုင်ဖိုင်တွေဆိုရင် ပါဝင်ဖွင့်ထားတဲ့အချိန်ရပါမယ်။
- ၂) File Server လိုထားမယ်ဆိုရင် Pi ထပ်လိုပါမယ်။
- ၃) ဆိုင်တွေ နေရာတွေက လက်ခံသလား တာဝန်ယူသလား ပူးပေါင်းပါဝင် ကူညီမလား ဆိုတာရှိပါတယ်။
သို့မဟုတ်
Door 2 Door Delivery လုပ်မလား စဉ်းစားရပါမယ်။
အိမ်တိုင်ရာရောက် ပို့ပေးပြီး တခွေကို ၁၀၀၀ ထက်မပိုတဲ့နှုန်းနဲ့ အမြန်ဆုံးပို့ပေးနိုင်ဖို့ ကြိုးစားကြည့်ကြပါမယ်။
LRC ရဲ့ အားသာချက်က LRC ရှိတဲ့ နေရာတွေ ကြေငြာထားမှာဖြစ်လို့ ကြုံတဲ့နေရာ ဝင်ပြီး ယူသွားယုံပါပဲ။ ကုန်ကျစားရိတ်ကို LRC နဲ့ ဆိုင်တွေဘက်က ကျခံရပါလိမ့်မယ်။
D2D ရဲ့ အားသာချက်က စားရိတ်အများကြီး မကုန်ပဲ အိမ်တိုင်ရာရောက် ပို့ပေးပါလိမ့်မယ်။ ကုန်ကျစားရိတ်ကို အသုံးပြုသူက ကျခံရပါလိမ့်မယ်။ အားနည်းချက်ကတော့ နယ်ကလာတဲ့လူဆိုရင် LRC က အဆင်ပြေတဲ့အချိန်လေး လမ်းကြုံဝင်ယူသွားရုံပါပဲ။ D2D ဆိုရင် လက်ခံမယ့် အိမ်တွေ ငွေချေပေးမယ့် လူတွေ လိုအပ်နေပါလိမ့်မယ်။
တကယ်လို့ တခုခုက ပိုကောင်းတဲ့ အကြောင်းပြချက်ရှိရင် ဒီဟာတွေထက် ကောင်းတဲ့ အကြံရှိရင် ပေးစေချင်ပါတယ်။ LRC လုပ်ဖို့ကို စိတ်ဝင်စားတဲ့လူတွေရှိတယ်ဆိုလည်း ဘယ်အပိုင်းက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာလေးပါ ရေးခဲ့ပေးနိုင်ပါတယ်။

git status
git add --all
git commit -a -m "member add"
git push origin master
Please pull request <3